အသံနားထောင်ခြင်းထက် စာဖတ်ဝါသနာအားသန်သူများ အတွက် ရည်ရွယ်ကာ ဆူနာမီ ဆရာတော် ဦးဥတ္တမသာရ ဟောကြားထားသော သစ္စာတရား နှလုံးသွင်းပုံ guided meditation တစ်ပုဒ်ကို ယခုစာအုပ်လေး ebook အဖြစ် ဖန်တီးလိုက်ပါသည်။......
ထပ်နေသော တချို့ အသုံးအနှုန်းများတွင် စကားပြေပုံစံ ဖြင့် အဆင်ချောအောင် ရေးသားခြင်း မှ လွဲ၍ ဆရာတော့် ဆိုလိုရင်းကို မပျောက် စေရန် တတ်နိုင်သမျှ ကြိုးစားတင်ပြထားပါသည်။ ဆရာ့တော် ဆိုလိုမှု ကို အဓိပ္ပါယ်ကောက် မလွဲစေရန် အတွက် ကွင်းလေးများဖြင့် ကျွန်ုပ်ဥာဏ်မီ သလောက် အနည်းငယ် ထပ်မံဖြည့်စွက်အပ်ပါသည်။......
ယခု ebook စီစဉ်မှုအဆုံးသတ်သည့် အချိန်တွင် ကျွန်ုပ်ဓမ္မမိတ်ဆွေ တစ်ဦးမှ ဆောင်းပါး တစ်ပုဒ်ပေးပို့လာပါသည်။ ဆောင်းပါးတွင် ဘုရားဟော တရားအစစ်များ ရှိသည်ဆိုသော ထေရ၀ါဒ မြန်မာပြည်တွင် တရားနည်းများ အမျိုးမျိုးရှိနေကာ...တရားနည်း
တချိန်တည်းဆိုသလိုပင် မိတ်ဆွေတစ်ဦးထံမှ မလေးရှားနိုင်ငံ ဗုဒ္ဓ ဘာသာ ထေရ၀ါဒ Sasanarakkha Buddhist Sanctuary မှ မဟာစည် တရားပြ ဆရာတော်အဂ္ဂစိတ္တ (AggaCitta) ၏ Awaken to Truth in Harmony တရားစာအုပ်လေးကို ရရှိပါသည်။ စာအုပ်လေးတွင် ၂၀၀၉ ခု မတ်လမှဇွန်လ.Sasanarakkha Buddhist Sanctuary ရိပ်သာတွင် ဖားအောက်တရားနည်းဖြင့် တရားစခန်းပြုလုပ်ပေးရာမှ မဟာစည်ယောဂီ တချို့ ဖားအောက် တရားနည်းကို ပြောင်းလဲကျင့်သုံးရာမှ အစပြုလျှက် တရားနည်း များနှင့် ပတ်သက်၍ ဒီနည်းမှန်သည် ဟိုနည်းမကောင်း စသည်ဖြင့် ဝေဖန် ပြောဆိုမှုများ ဖြစ်ပွားပုံများ ၊ ပါဠိ ဘာသာပြန်မှုများမှစ၍ အငြင်းပွားမှုများ စသည့် ယနေ့တရားလောက အဖုအထစ်များကို တင်ပြထားလေသည်။......
ကျွန်ုပ်၏ ကိုယ်ပိုင်အမြင်ကို တင်ပြရမည်ဆိုလျှင် သမာဓိ ထူထောင် သည့်အပိုင်း တရားအလုပ် တွင် ကျွန်ုပ်တို့ မိမိ အားသန်ရာ နှစ်သက်ရာ ရွေးချယ်နိုင်ပေသည်။ ဘုရားရှင်ကလည်း သမာဓိထူထောင်ခြင်း အပိုင်း (သို့) စိတ်မပျံ့ လွင့်အောင် တစ်ခုခု ကို အဓိကထား ရှုမှတ်မှု ပြုလုပ်ခြင်းအလုပ် (သို့) ကမ္မဌါန်း နည်း ၄၀ သင်ပြခဲ့ပါသည် ။ မိမိစရိုက်နှင့် သင့်တော်ရာကို မိမိရွေးချယ်နိုင်ပါသည်။......
ဝင်လေ-ထွက်လေ ကို အာရုံထားစူးစိုက် နေမှု နဲ့ ပိန်တာ ဖောင်းတာကို အာရုံထား စူးစိုက်နေမှု ဘယ်ဟာ က ပိုကောင်းသည် ထင်ပါသနည်း။ ဝေဒနာများကို ရှုမှတ်နေမှု နှင့် နိမိတ်များကို ရှုမှတ်နေမှု ဘယ်ဟာက ပိုကောင်းပါသနည်း။ အသုဘကမ္မဌါန်း ပွါးများခြင်း နှင့် ဗုဒ္ဓါ နုဿတိ ပွားများခြင်း ဘယ်ဟာက ပိုကောင်းပါသနည်း.......
မိတ်ဆွေ က ဒီဟာ ပိုကောင်းသည် ဆိုပြီး အကြောင်းပြလျှင် ထိုဟာ ကို ရှုမှတ်၍ အဆင်ပြေနေသူတစ်ဦးမှ ထိုဟာ ပိုကောင်းသည်ဆိုပြီး ရှင်းလင်း ပေတော့မည်...ငြင်းခုန်ပွဲ စလေပြီ။ မိတ်ဆွေက ဒီလို မှတ်တာ က ပိုကောင်းသည် ဆိုလျှင် ဟိုလို မှတ်နေသူ အတွက် ကသိကအောက် ဖြစ်လာ ပေမည်။ မိမိယုံကြည်ချက်ကို ပိုမိုမှန်ကန်ကြောင်း သက်သေပြပွဲ (သို့) ငြင်းခုန်ပွဲ (သို့) ဆွေးနွေးပွဲ ဖြစ်လာပေမည်။......
မြတ်စွာဘုရား သင်ကြားပေးခဲ့သော တရားအလုပ်များချည်းသာ ဖြစ် သဖြင့် အကျိုးရှိကြသည်ချည်းသာ ။ တရားအလုပ်ကို လုံးဝ စိတ်မ၀င်စားသူ များနှင့် စာလျှင် အကျိုးများစွာ ရှိပါသည်။......
လောကီအလုပ်များတွင် စွဲလန်းငြိတွယ်နေမှုများထက်စာလျှ
တချို့ဝေဖန်သလို အစွဲ များ ပြုတ်ရန် တရား ရိပ်သာဝင်တော့မှ တရားနည်းတစ်ခုကို စွဲသွားပြီး ဥပါဒါန် လှံတစ်ချောင်း ထပ်မံ အစိုက်ခံရသည်ဟူ၍ ကျွန်ုပ် မယူဆပါ။ ကျွန်ုပ်တို့ တရားအလုပ်အပေါ် ငြိတွယ်လာပြီး အချိန်ပေးလာနိုင်လေလေ လောကီအပူများ လျော့နိုင်လာ လေလေဟု ယူဆပါသည်။......
သို့ရာတွင် သမာဓိ အပိုင်းတွင် တရားအလုပ်ကို တစ်ခုခု ပြုလုပ်ခြင်းဟု ယူဆလျှက် ဟိုဟာ မှ ဒီဟာမှ ရွေးချယ်မှု ပြုခြင်းသည် ကိစ္စမရှိပေ.. ဟိုလိုမှ ဒီလိုမှ ပြုခြင်းသည် ကိစ္စမရှိပေ။......
သို့သော် ပညာစခန်း(၀ိပဿနာ) အတွက်မူ တရားအလုပ်ကို မူ ''တစ်ခုခု ကို ရှုမှတ်နေခြင်း'' ဟု နားလည်နေခြင်းအဆင့် ..ကို ကျော်လွန်အောင် သွားရပေမည်........
ကျွန်ုပ်အမြင်ကိုတင်ပြရလျှင် ပညာအဆင့် (၀ိပဿနာ) သည် တစ်ခုခု ပြုလုပ်နေခြင်းလည်း မဟုတ်။ ဘာမှမလုပ်ပဲနေခြင်းမျိုးလည်းမဟု
ထိုသို့ နှလုံးသွင်းမှန်မှု ဖြစ်နေပါက ''ဘာမှတရား ညာမှတရား" ဆိုသည့် ဆုပ်ကိုင်မှုမျိုး ကင်းရှင်းနေပြီး..ဟိုလိုမှတ်မှ.
တရားအလုပ် ကို ''တစ်ခုခု ပြုလုပ်ရသောအလုပ်" ... "တစ်ခုခုကို အချိန်တစ်ခုကြာ ရှိနေ-မြဲနေသည် ဟု အတည်ယူလျှက် ရှုမှတ်နေမှု " ဟု ထင်မှတ်နေပါက ကျွန်ုပ်တို့ မဆုံးနိုင်အောင် ငြင်းခုန်ဆွေးနွေးရပေမည်။ .....ထိုကဲ့သို့ ထင်မှတ်မှုကြီးဖြင့် ဆွေးနွေးအဖြေရှာပါက လောကီ နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခများလို မဆုံးနိုင်သော ဆွေးနွေးပွဲများ ကျင်းပကာ ပြေလည်အောင် ကြိုးစားနေရပေတော့မည်။
တစ်ခုခု ပေါင်း မရေမတွက် နိုင်အောင် ရှိနေသည်။ တစ်ခုခု ပြုလုပ်ခြင်း (သို့) တစ်ခုခုကို ...ဘာမှ တရား ဆိုပြီးဆုပ်ကိုင်ပြလျှင် ...ညာမှ တရားဟု ဆုပ်ကိုင်နေသူ နှင့် ပဋိပက္ခဖြစ်ရပေတော့မည်........
အမှန်တရား သစ္စာတရား (မဂ္ဂင်အလုပ်)သည် ဟိုလိုလုပ်ခြင်း ၊ ဒီလို လုပ်ခြင်း၊ ဟိုလိုမှတ်မှ၊ ဒီလိုမှတ်မှ ဆိုသော အဆင့်ထက် ကျော်လွန် နေပေသည်။ ဟိုလို လုပ်မှ မှန်သည်ဟု ယူဆပါက ... .ဒီလို လုပ်နေ ခြင်း ကို မှားနေသည်ဟု ဆိုလိုပါသလော.. ဘာကို ရှုမှတ်မှ တရား ဆိုပါက ...ညာကို ရှုမှတ်နေသူ အတွက် တရား မဟုတ် ဟု ဆိုလို ပါသလား.........
အမှန်တရား သစ္စာတရား သည် ဘာမှ..ညာမှ ဆိုသည် အကန့် အသတ်များမှ လွန်မြောက်နေလေသည်။ သစ္စာတရားသည် ဘာလူမျိုး အတွက်..ဘာနိုင်ငံအတွက်..ဘာသာသနာ
အမှန်တရား-သစ္စာတရားသည် (တစ်ခုခု)ဘာမှ ညာမှ.. ဟိုလိုမှ.. ဒီလိုမှ ဆိုသည့် (တစ်ခုခုပြုလုပ်ခြင်း)..ဟူသည့် အကန့်အသတ် ..ငြိတွယ်မှု များမှ လွန်မြောက်နေပါသည်။ မဂ္ဂသစ္စာအလုပ်သည် တစ်ခုခု၊ တစ်ယောက်ယောက် ၊ ပုဂ္ဂိုလ်-သတ္တ၀ါ အဖြစ်ကို အဟုတ်ထင်ကာ အတည် ယူလျှက် ပြုလုပ်ရသည့် သီလ၊ သမာဓိ အလုပ်များလောက်နှင့် မလုံလောက်ပဲ ပညာမဂ္ဂင် နှစ်ပါးပါ ပါဝင်ရပေသည်........
ဆူနာမီဆရာတော် ဦးဥတ္တမသာရသည် နေရာဒေသမရွေး-လူမျိုးမရွေး-ဘာသာ
ဆရာတော်သည် "တစ်ခုခု ပြုလုပ်ခြင်း"(သို့) "တစ်ခုခု မပြုလုပ်ခြင်း" စသည့် သီလ..သမာဓိ နယ်ပယ်များမှသည်.. ပညာစခန်း (၀ိပဿနာ)ဆီသို့ တက်လှမ်းနိုင်စေရန် တစ်ခုခု၊ တစ်ယောက်ယောက်၊ ငါ၊ သူတပါး ၊ပုဂ္ဂိုလ်၊ သတ္တ၀ါဟူ၍ ခွဲခြားနေမှု (သို့)ပညတ်အစွဲများကို မှန်မှန်ကန်ကန် စွန့်လွှတ် တတ်စေရန်-
၁) မှန်မှန်ကန်ကန် ဆင်ခြင်နေမှု^နှလုံးသွင်းမှု (သမ္မာသင်္ကပ္ပ)
၂) မှန်မှန်ကန်ကန် နားလည်နေမှု-ယူဆမှု- (သမ္မာဒိဋ္ဌိ) ဆိုသည့် ပညာမဂ္ဂင် နှစ်ခု ကို အဓိကထား ဟောပြောထားခြင်း ဖြစ်ပါသည်။......
ဆရာတော်သည်-တစ်ခုခု - တစ်ယောက်ယောက် - ပုဂ္ဂိုလ် - သတ္တ၀ါ - သူ - ငါ - စသော ပညတ် များကို မငြိတွယ်စေရန် အဟုတ်မထင်မိစေရန် (နှလုံးသွင်းမှန်စေရန် )ပညာမဂ္ဂင် နှစ်ခု ကို အဓိကထားပြီး ရှင်းပြခြင်း ဖြစ်လေရာ တခါတရံ ဆရာတော် သုံးသော စကားလုံးများကို အဓိပ္ပါယ်ကောက် ယူရာတွင် ပုဂ္ဂိုလ် - သတ္တ၀ါ - ငါ - သူတပါး ဆိုသော ပညတ်ကို အသုံးချရသည့် ဝေါဟာရဒေသနာ (သမုတိသစ္စာ) နှင့် ရောထွေး ကာ သမုတိသစ္စာ ပညတ်တရားများ (ဒါန၊သီလ၊သမထ) ကိုပယ်ရန် ပြောနေသည်ဟု တချို့ နားလည်မှု လွဲတတ်ပါသည်။ ထို့ကြောင့် ဒီအမှာစာနေရာမှာပဲ နိုင်ငံခြား ပုစ္ဆာအဖြေပေါင်းချုပ်မှ လယ်တီဆရာတော်ကြီး ၏ ရှင်းပြချက် ကို တဆင့် ကူးယူ ဖော်ပြအပ်ပါသည်။......
ဘုရားသာသနာတွင် -
၁) ဝေါဟာရဒေသနာ (သမုတိသစ္စာ)
၂) ပရမတ္ထဒေသနာ (ပရမတ္ထသစ္စာ) ဟူ၍ နှစ်မျိုး ရှိကြောင်း ကွဲကွဲပြားပြား နားလည်ရန် လိုအပ်ပါသည်။......
၁။ ဝေါဟာရဒေသနာ ဆိုသည်ကား- လောက၌ ပုဂ္ဂိုလ် ရှိသည်။ သတ္တ၀ါ ရှိသည်။ အတ္တ ရှိသည်။ ဇီဝ ရှိသည်။ အသက် ရှိသည်။ ငါ ရှိသည်။ သူ ရှိသည်။ ယောက်ျား-မိန်းမ ရှိသည်ဟု လောကီဘုံသား လူအများ တို့ ထင်မှတ် ပြောဆို ကြသော စကားမျိုးသည် ဝေါဟာရ (ပညတ်) မည်၏။ (သတ်မှတ် ထား၍ မှန်သော၊ လူပုဂ္ဂိုလ် ၊နေရာဒေသ၊ အချိန်ကာလအလျှောက်သာ မှန်သော အမှန်တရား ဖြစ်သည်.. အမြဲမှန်သော အမှန်တရားမဟုတ်) (မိုးကုတ်ဆရာတော်ကြီးမှ မုသားမဖြစ်ရုံသာမှန်သော အမှန်တရား ဟု သုံးနှုန်းလေသည်)
ထိုဝေါဟာရ (ပညတ်) ရှိကြသည့်အတိုင်း ဟောတော်မူသော ၀ိနည်း ၊ဒေသနာ သုတ္တန်
ဒေသနာတော် များသည် ဝေါဟာရ ဒေသနာ(ပညတ်) မည်၏။......
၂။ ပရမတ္ထဒေသနာ ဆိုသည်ကား- လောက၌ ပုဂ္ဂိုလ် ဟူ၍မရှိ။ သတ္တ၀ါ ၊ လူ ၊ နတ် ဟူ၍မရှိ။ အတ္တဟူ၍မရှိ။ ဇီဝ ဟူ၍မရှိ။ အသက်-၀ိညာဉ်-လိပ်ပြာ ဟူ၍မရှိ။ ငါ ဟူ၍မရှိ။ သူတပါး ဟူ၍မရှိ။ ယောက်ျား မိန်းမ မရှိ ။ တစ်ဦးဦး-တစ်ယောက်ယောက်- တစ်ခုခု ဟူ၍မရှိ။ အသစ်အသစ် အစားထိုးကာ တရစပ်ဖောက်ပြန် ပျက်စီးနေသော စွမ်းအင်ရုပ်ဓါတ်များအစု နှင့် နာမ်ဓါတ်များ အစု ဟူ၍သာ အမှန်တကယ် ရှိသည် စသည်ဖြင့် ဟောတော်မူသော အဘိဓမ္မာ ဒေသနာတော် သည် ပရမတ္ထ ဒေသနာ ဟုနားလည်ရပေမည်။......(လူပုဂ္ဂိုလ် ၊နေရာဒေသ၊ အချိန်ကာလအပေါ်မူတည်မနေဘဲ အမြဲ မှန်ကန်နေသော အမှန်တရား ဖြစ်သည်။)......
အဓိသီလသာသနာ အဓိစိတ္တသာသနာ ဟူသော သီလ၀ိသုဒ္ဓိ-စိတ္တ၀ိသုဒ္ဓိကို ပြဆိုရာ၌ ဝေါဟာရဒေသနာ ကို ဖယ်၍ ပြဆို၍ မရသလို ...အဓိ ပညာ သာသနာ ဟူသော ဒိဋ္ဌိဝိသုဒ္ဓိ ကို ပြဆိုရာ၌ ဝေါဟာရ ဒေသနာနှင့် ပြဆို၍ မရကြောင်းနားလည်ရပေမည်။ အဘယ်ကြောင့်ဆိုသော ပရမတ္ထဒေသနာနှင့်သာ သက်ဆိုင်သောကြောင့် ဖြစ်ပါသည်။......
ပုဂ္ဂိုလ်- သတ္တ၀ါ- - ငါ- သူတစ်ပါး အဖြစ် ဧကန်ဟုတ်သည် ဟု ထင်မြင်ယူဆခဲ့လျှင် အနိစ္စ၀ိပဿနာဥာဏ်နှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ အနိစ္စ ၀ိပဿနာဥာဏ်ကို ပေါက်ရောက်လျှင် ထိုအယူပျက် ၏။ ထိုအယူပျက်မှပင် မဂ်ဥာဏ် - ဖိုလ်ဥာဏ်သို့ ရောက်နိုင်ကြောင်း။ လယ်တီ ဆရာတော်ကြီးမှ ရှင်းလင်းခဲ့လေသည်။ (အညွှန်း-နိုင်ငံခြား ပုစ္ဆာအဖြေပေါင်းချုပ်မှ လယ်တီဆရာတော်ကြီး၏ သီဟိုဠ်ပုစ္ဆာအဖြေ)......
ယခု စာအုပ်လေးကို အဆုံးတိုင် စိတ်ရှည်ရှည် နှင့် ဖတ်ရှုပြီး ဆရာတော်၏ အမ်ပီသရီး guided meditation အသံတရား တော်များကိုလည်း နားထောင်ကာ တရားနှလုံးသွင်းဆင်ခြင်မှုကို အချိန်ပေး၍ လုပ်ဆောင်ကြည့်ရန် အကြံပေး တိုက်တွန်းအပ်ပါသည်။......
To get ebook, http://www.mediafire.com/?58buiwqcdfohv5f
May you be happy & peaceful
No comments:
Post a Comment